Rising Youth ၏ စနစ်ကျသော ပတ်ဝန်းကျင်အတွက် အောက်ပါစည်းကမ်းများကို လိုက်နာပေးပါရန်။
ကျောင်းသားများသည် ကျောင်းတက်ချိန် မတိုင်မီ ၁၅ မိနစ်ကြိုတင်ရောက်ရှိရမည်။ ပျက်ကွက်လိုပါက မိဘကိုယ်တိုင် ကြိုတင်ခွင့်တိုင်ကြားရပါမည်။
သတ်မှတ်ထားသော ကျောင်းဝတ်စုံကို သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ရပါမည်။ ကျောင်းသားများအနေဖြင့် ဆံပင်ပုံစံနှင့် သန့်ရှင်းရေးကို အထူးဂရုစိုက်ရပါမည်။
အချင်းချင်း အနိုင်ကျင့်ခြင်း (Bullying) နှင့် ရိုင်းစိုင်းသော အပြုအမူများကို လုံးဝခွင့်မပြုပါ။ အပြန်အလှန် လေးစားမှုရှိသော ပတ်ဝန်းကျင်ကို ဖန်တီးရပါမည်။
ကျောင်းပိုင်ပစ္စည်းများကို ပျက်စီးအောင် ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရပါမည်။ ပျက်စီးဆုံးရှုံးမှုရှိပါက သတ်မှတ်ထားသည့်အတိုင်း တာဝန်ယူရပါမည်။
"စည်းကမ်းရှိမှ တိုးတက်မည်"